Published_ 28 July 2023

လေးနှစ်တစ်ကြိမ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (19th Asian Games 2022)ကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့ သွားရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ၊ ဘောလုံးမဲခွဲ ရလာဒ်အရ လက်ရွေးစင်အမျိုးသား ဘောလုံး အသင်းအနေဖြင့် အုပ်စု(က)တွင် ကစားရမည်ဖြစ်ပြီး၊ အိမ်ရှင် တရုတ်နိုင်ငံ ၊ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံအသင်းတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အလားတူ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် မံခွဲ ရလာဒ်အရ အုပ်စု(င)တွင် ကစားရမည်ဖြစ်ကာ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင် နှင့် ဖိလစ်ပိုင်နိုင်ငံ အသင်းတို့ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို အာရှအိုလံပစ်ကောင်စီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊  ပထမအကြိမ် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်၊။

အာရှ အားကစားပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ၏  အသိအမှတ်ပြုခြင်းကို ရရှိထားပြီး၊ အာရှတိုက်တွင်အကြီးဆုံးအားကစားပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times