Published-28 July 2023

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူ ၈၈၀၀ ကျော်ရှိ၍ မီးလောင်မှုကြောင့် လူသေဆုံးသူ ၅၅ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏စာရင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီလမှ ဇွန်လအထိ ၆လကာလ (နှစ်ဝက်အ တွင်း) မီးလောင်မှုအကြိမ်ရေ ၉၄၂ကြိမ် ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် အိမ်၊ စက်ရုံ၊ အလုပ်ရုံများအပါအဝင် အ ဆောက်အဦး ၂၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့၍ မီးဘေးသင့်ပြည်သူ ၈၈၅၂ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၆ဦးနှင့် သေဆုံးသူဦးရေ ၅၅ဦးရှိခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၃.၆၆ ဘီလီယံရှိခဲ့ကြောင်း မီးစတင်လောင် ကျွမ်းရသည့်အဓိကအကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင်းဖြစ်ကြောင်းလည်းသိရသည်။

ယခုနှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည့်အနက် ဧပြီလတွင်မီးလောင်ကျွမ်းမှုအများဆုံး ၂၀၅ကြိမ်ဖြစ်ခဲ့ပြီး​ သေဆုံးသူ ၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times