Published_ 27 July 2023

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ကစားသမား ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အာရှ ဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ဇွန် ၁၇ ရက်က စတင်ပြီး ပဏာမကစားသမား ၂၄ ဦးနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမား ၁၈ ဦးသို့ လျှော့ချခဲ့ခြင်းဖြစ်ပါတယ်။

Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစု အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီးမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်း အသင်း၊ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Continental Futsal Championship 2023 ပြိုင်ပွဲတွင် ကစားသမား (၁၆)ဦးသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ကစားသမား ၁၈ ဦးစလုံးကို ထိုင်းခြေစမ်းခရီးစဉ်ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဂိုးသမားများ
ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ညီညီသန့်

ကစားသမားများ
မျိုးမြင့်စိုး၊ မင်းခန့်၊ ရှိုင်းထက်အောင်၊ လပိုင်ဇော်လွန်း၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ မျိုးသက်အောင်၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်၊ ဇော်ဖြိုးဦး။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times