Published_ 25 July 2023

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ သီရိမဂ်လာစျေးဘက်အသွား တံတားဘက်အတက်တွင် သက်ကြီးပိုင်း အမျိုးသား ၁ဦး ကားတိုက်ခံရ၍သေဆုံးခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၂၅ရက် ည ၇နာရီ ၅၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်လမ်းမကြီး၊ ဘုရင့်နောင်နှစ်ထပ်ဂုံးတံတား၊ သီရိမဂ်လာစျေးဘက်အသွား တံတားအတက်တွင် ကားတိုက် မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

"လူ ၁ဦးကားတိုက်ခံထားရတယ်လို့ အနီးပတ်ဝန်းကျင်က ဖုန်းဆက်အကူအညီတောင်းလာတာ။
သေဆုံးသူက အသက် ၅၀အရွယ် ဦးအောင်အောင်လို့သိရတယ်" ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။

သေဆုံးသူအား မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ (နာ/ကူ)ဖြင့် မြောက်ဥက္ကလာဆေးရုံ  သို့ပို့ဆောင်ကူညီပေးကြောင်းလည်း သိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times