Published_ 25 July 2023

ထိုင်းနိုင်ငံ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာစကိတ်သမားနှစ်ဦးက ဆုလေးဆု ဆွတ်ခူး ရရှိခဲ့ကြောင်း Myanmar Skate Federation ထံမှ သိရသည်။

အဆိုပါ မြန်မာစကိတ်ကစားသမား နှစ်ဦးအနေဖြင့် တစ်ဦးလျှင် ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်ကစားသမားများဖြစ်သည့်  မောင်အောင်ကျော်ဇင်(Team Phoenix)က မီတာ (၅၀၀) ပြိုင်ပွဲ၌ ရွှေ တံဆိပ် (၁)ဆု၊ မီတာ (၁၀၀၀)၌ ငွေတံဆိပ် (၁)ဆု ၊ မောင်ခင်လှိုင် (တွံ့တေးစကိတ်အသင်း)က မီတာ (၁၀၀၀) အပြေးတွင်ရွှေတံဆိပ် (၁) ခု၊ မီတာ (၅၀၀)၌ ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သော ဇူလိုင် (၂၂) ရက် မှ ၂၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီယား၊ မြန်မာ အပါအဝင် (၆) နိုင်ငံ ရှိ စကိတ်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times