#Local_News
Published-22 July 2023

တောင်ကိုရီးယားနိုင်ငံတွင်  ၂၀၂၄ခုနှစ်အတွက် မြန်မာအပါအဝင် လုပ်သားများအတွက်  အနိမ့်ဆုံး လုပ်ခနှုန်းထားသစ်ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း  ကိုရီးယားရောက် မြန်မာလုပ်သားများကိုကူညီပေးနေသည့် ကိုဇော်မိုးအောင်(ကိုးရီးယား) က သိရသည်။ 

 

အနိမ့်ဆုံးလစာသတ်မှတ်​ရေးကော်မတီအစည်းအဝေးကို ဇူလိုင်လ ၁၈ရက် ညနေ ၃နာရီမှ ဇူလိုင်လ ၁၉ရက် နံနက် ၆နာရီအထိ ကျင်းပဆွေးနွေးခဲ့ကြရာတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းကိုးရီးယားသတင်းများအရ သိရကြောင်း ဆိုသည်။

 

ယင်းလစာနှုန်းထားသတ်မှတ်ချက်တွင် လုပ်ခလစာအနိမ့်ဆုံးနှုန်းထားကို ၂၀၂၄ခုနှစ်အတွက် ၁နာရီလုပ်အားခ ဝမ် ၉၈၆၀(မြန်မာငွေ ကျပ်ငွေ) ၁၆၄၀၀ကျပ်ခန့်အထိ သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 

၂၀၂၃ခု နှစ်တွင် ကိုရီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားသည်  ၁နာရီကို ဝမ်၉၆၂၀ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် လုပ်ခလစာနှုန်းထားဟာ ဝမ် ၂၄၀ကိုပိုတိုးပေးလိုက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

#Yangon_Times/BMM