#Local_News
Published_ 22 July 2023


Naypyidaw State Acedamy မှ ကျောင်းသား၊ကျောင်းသူ(၁၁၂)ဦး Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) မှပေးသည့် Paukphaw Scholarship ပညာသင်ဆုရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတစ်ဦးကို ကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

 

ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာသင်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီးNaypyidaw State Acedamyမှ ဘာသာရပ်(၁၂)ခုမှ ကိုယ်စားပြုကျောင်းသားကျောင်းသူများကပညာသင်ဆုများလက်ခံရ ယူခဲ့သလို CFRDမှ ပရိုဂမ်မန်နေဂျာကို ဒုတိယဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)သည်၂၀၁၆ ခုနှစ်မှ ယနေ့ချိန်အထိ မြန်မာနိုင်ငံရှိတက္ကသိုလ်(၁၄)ခုမှ ကျောင်းသား၊ ကျောင်းသူ(၁၁၄၈)ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွင်း တက္ကသိုလ်(၆) ခုမှ ကျောင်းသား၊ ကျောင်းသူ(၈၀၀)ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#tthl #Local_News #Naypyidaw State Acedamy
#Yangon_Times