#Local_News

Published-21-7-2023

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပတ်စပို့စ် သက်တမ်းတိုးခြင်းကို လာမည့် ဩဂုတ်လ( ၂ )ရက်မှ စတင်ကာ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

 

ထိုသို့ ပြုလုပ်ပေးရာ၌ ၂၀၂၄ ခုနှစ်၊ မတ်လ( ၃၁ )ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် PJ နိုင်ငံကူးလက်မှတ်များအတွက် ပြုလုပ်ပေးသွားမည်ဟုဆိုသည်။

 

သက်တမ်းတိုးလိုသူများ အနေဖြင့် ယခုဇူလိုင်လ (၂၉)ရက်မှစ၍ အပတ်စဉ် စနေနေ့တိုင်း တိုကင်လာရောက်ယူနိုင်ကာ၊ မိမိကိုင်ဆောင်နေသော နိုင်ငံကူးလက်မှတ်ကို ယူဆောင်လာရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်း တိုကင်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တိုကင်လာ‌ရောက်ယူဆောင်ရာတွင် ကိုယ်စားလှယ်များဖြင့် ထုတ်ယူခြင်းကို လုံးဝ (လုံးဝ) ပေးအပ်မည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

 

ယင်းအတွက် ညအိပ်တန်းစီရန်မလိုအပ်ဘဲ နံနက်ပိုင်းမှသာ စနစ်တကျတန်းစီ၍ လာရောက်ထုတ်ယူကြရန် ဖြည့်စွက်အသိပေးထားသည်။

 

#YMG/my #Local_News #မြန်မာလုပ်သားများအတွက်ပတ်စပို့စ်သက်တမ်းတိုးပေးမည်
#Yangon _Times