#Local_News
Published 20.7.2023

တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်း ရုပ်သံလိုင်းတစ်ခုဖြစ်သော SBS က ကျင်းပနေသည့် Survival Show တစ်ခုတွင် သီချင်းဆို ပြိုင်ပွဲဝင်ရန် မြန်မာကျောင်းသူတစ်ဦးရွေးချယ်ခံထားရကြောင်း Universe Ticket က အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူများ အပါအဝင် နိုင်ငံပေါင်းစုံရှိ ပြိုင်ပွဲဝင် (၄၁)ဉီး ရွေးချယ်ခံထားရကာ၊ ယင်းအနက် မြန်မာကျောင်းသူ နန်းဧကရီရွှေသည် ရီအယ်လ် (Riel)အမည်ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

 

အဆိုပါ ပြိုင်ပွဲတွင် အနိုင်ရရှိသူ ဇကာတင်(၈)ဦးကိုရွေးချယ်၍ Girls Band ဖွဲ့စည်းကာ F & F Entertainment Promotion အနေဖြင့် နှစ်နှစ်ကျော်ကြာလုပ်ဆောင်ပေးသွားဖြစ်သည်ဟုလည်း သိရသည်။

 

ပြိုင်ပွဲအတွက် ကိုရီးယားနိုင်ငံသူ (၂၄)ဦး၊ ဂျပန်နိုင်ငံသူ (၇)ဦး၊ ဖိလစ်ပိုင်နိုင်ငံသူ (၂)ဦးနှင့် မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ နှင့် ကနေဒါနိုင်ငံတို့မှ တစ်ဦးစီရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

 

နန်းဧကရီရွှေ (ခေါ်) ရီအယ်လ် (Riel) သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းသူဟောင်းတစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် တောင်ကိုရီးယားတက္ကသိုလ် ၊ သိပ္ပံနှင့်နည်းပညာဘာသာရပ်ကို သင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

#YMG/my #Local_News #Survival Show ပြိုင်ပွဲတွင် မြန်မာကျောင်းသူတစ်ဦးရွေးချယ်ခံရ
#Yangon _Times