#Local_News
Published-18 July 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၅၁)ဦးကို ဇူလိုင်လ ၁၈ ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၆၃)ဦး၊ စိုက် မွေးလုပ်သားသစ် (၇၉) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၉) ဦး​ပါဝင်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဇူလိုင်လ ၄ ရက်ကလည်း  EPS စနစ်ဖြင့်  စုစုပေါင်း (၁၅၃) ဦးကို ပထမအ​ကြိမ်အဖြစ်လည်းကောင်း၊ ဇူလိုင်လ ၁၀ရက်က EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား(၁၄၆)ဦးကို ဒုတိယအကြိမ်အနေဖြင့်လည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်တွင် မြန်မာလုပ်သား (၁၅၀)ဦးကိုလည်းကောင်းစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

ဇွန်လအတွင်းကလည်း EPSစနစ်​ဖြင့် မြန်မာလုပ်သား ၉၁၉ဦး စေလွှတ်ခဲ့ကြောင်း သံရုံး၏အချက်အလက်များအရ သိရသည်။

 

#Local_News #EPSစနစ်ဖြင့်မြန်မာလုပ်သား၁၅၁ဦးကိုယနေ့စေလွှတ်
#Yangon_Times/BM