Published-13 July2023

ရန်ကုန်မြို့ရှိ  ကျောက်တံတားမြို့နယ်နှင့်သာတေတမြို့နယ်တို့တွင် ဇူလိုင်လ ၁၃ရက် ယနေ့နံနက်ပိုင်းက အိမ်ခြေမဲ့ အလောင်းနှစ်လောင်းတွေ့ရှိကြောင်းလူမှုကူညီရေးအသင်းများထံကသိရသည်။

ဇူလိုင်လ၁၃ရက်နံနက် ၆နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့လယ်ကျောက်တံတားမြို့နယ် လမ်း၄၀ အနော်ရထားလမ်းထိပ်တွင် အိမ်ခြေမဲ့အမျိုးသား၁ဦးလဲကျသေဆုံးလျက်တွေ့ရှိခဲ့၍ လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထို့အတူ ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်ကသာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ မြေနီမှတ်တိုင်အနီး  အိမ်ခြေမဲ့ အလောင်းတစ်လောင်း တွေ့ရှိကြောင်း အကြင်နာကုသိုလ်လူမှုကူညီရေးအသင်းကသိရသည်။

" ဒီနားတဝိုက် မှာ အမြဲတွေ့နေကျပဲ၊ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ အကောင်းကြီးပါ။ ဒီမနက် ရေအိုးစဉ်မှာရေသောက်ရင်းလဲကျသွားတာကနေ အသက်ပါသွားတာပါ"ဟုအဆိုပါလူမှုကူညီရေးအသင်းကသိရသည်။

သေဆုံးသူ၂ဦးလုံးမှာအိမ်ခြေမဲ့ဖြစ်သောကြောင့် ပိုင်ရှင်မဲ့အလောင်းများကိုမြို့နယ်လူမှုကူညီရေးအသင်းများမှ ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times