Published_ 13 July 2023

ချင်းတွင်းမြစ်ရေတက်နေသောကြောင့် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တွင် မြစ်ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်။

အဆိုပါမြစ်ရေသည် ဇူလိုင်၁၃ရက်မနက်ပိုင်းတွင် ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည်ဟုဆိုသည်။

ဇူလိုင်၁၃ရက်မနက်ပိုင်းတွင်ဟုမ္မလင်းမြို့၏စိုးရိမ်ရေအမှတ်အောက်(၃)ပေခန့်တွင်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သည်ဟုဆိုသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်တွင်နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ဖြစ်၍ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန်အကြံပြု သတိပေးထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times