Published_ 13 July 2023

စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဒဲနစ် မန်ဒူးရော့ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့်တွေ့ဆုံ၍ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ဆွေးနွေးရာတွင် အထူးသဖြင့်သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာပူးပေါင်း ထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆေးဘက် ဆိုင်ရာ အထောက်အကူပြုပစ္စည်း ကိရိယာများထုတ်လုပ်ရေး၊ MSME စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် အခွင့်အလမ်းများ ရှာဖွေနေမှုနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို ရုရှားနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး Alexey V. Gruzdev၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဌာန၊ ညွှန်ကြားရေးမှူး Nosov Sergey Sergeevich ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူးPiven Valery Vyacheslavovich ၊ ဒုတိယ ဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ စီးပွားရေးသံမှူး Kazadaev Vladimir Sergeevich နှင့် မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲသည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံ၊ ရက်ကတ်ထရင်ဘတ်မြို၌ ကျင်းပသည့် INNOPROM International Industrial Exhibition သိုတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#YMG #Yangon_Times