Published_ 12 July 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား၁၅၀ဦးကို ယနေ့စေလွှတ်ခဲ့ပြီး ယခုလဒုတိယပတ်အတွင်း မြန်မာလုပ်သားစေလွှတ်မှု ၃ကြိမ်ရှိပြီဖြစ်သည်။

ဇူလိုင်လ၄ရက်ကလည်း  EPS စနစ်ဖြင့်  စုစုပေါင်း (၁၅၃) ဦးကိုပထမအ​ကြိမ်အဖြစ်လည်းကောင်း၊လည်းကောင်း၊ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regularကုန်ထုတ်လုပ်သား(၁၄၆)ဦးကိုဒုတိယအကြိမ်အနေဖြင့်လည်းကောင်း
လည်းကောင်း စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

ယင်းကဲ့သို့စေလွှတ်ခဲ့သော Regular ကုန်ထုတ်လုပ်သား  ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ဇွန်လအတွင်းကလည်း EPSစနစ်​ဖြင့် မြန်မာလုပ်သား ၉၁၉ဦး စေလွှတ်ခဲ့ကြောင်း သံရုံး၏အချက်အ လက် များအရသိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times