#Local_News
Published 5 July 2023

ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဇူလိုင်(၅)ရက်တွင် နစကမှ ထုတ်ပြန်လိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ (၄၁၉) အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၏ ခံစားခွင့်ဆိုင်ရာများကို  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အဆိုပါထုတ်ပြန်ချက်ကို အမိန့်အရ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

#Ymg/my #Local_News
#Yangon_Times