#Local_News
Published- 4 July 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဇူလိုင်လ ညပိုင်းက ချစ်သူစုံတွဲချိန်းတွေ့နေစဥ် ဓားထိုးလုယက်ခံရ၍ ကောင်လေးဖြစ်သူမှာသေဆုံးခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်က သိရသည်။

 

မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက်နေ့၊ ည ၉ နာရီ ၁၀ မိနစ်ခန့်က ချိန်းတွေ့နေသည့်ချစ်သူစုံတွဲထံ အမည်မသိသူများရောက်ရှိလာ၍ ခြိမ်းခြောက်ပြောဆို၍ ဖုန်းလုယက်မှုဖြစ်ခဲ့ပြီး အဆိုပါစုံတွဲမှ အမျိုးသားကို ဓားဖြင့်ထိုးသွားခဲ့ကြောင်း သိရသည်။

 

"ရှိတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပြီး ဖုန်းလုယက်တာကိုမပေးတာကြောင့် ကောင်လေးကိုဓားနဲ့ထိုးသွားပါတယ်။ ဓားဒဏ်ရာများတဲ့အတွက် ဆေးရုံအရောက် မှာပဲဆုံးသွားပါတယ်"ဟု ယင်းအသင်းက သိရသည်။

 

လက်ရှိတွင်သေဆုံးသူ၏ရုပ်အလောင်းကို မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။

 

ယင်းအပြင်အမျိုးသမီးငယ်မှာလည်း ရိုက်နှက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

 

#Local_News #ဓါးထိုးခံရ၍ အမျိုးသားသေဆုံး
#Yangon-Times/BM