Published_ 30 June 2023

ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသသည့် အခမ်းအနားတွင် အလှူရှင် ၁၀၁ ဦးက ကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့သော ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်အတွက် မလွယ်ကူသည့်အပြင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီး အချိန်မီပြီစီးနိုင်ရေး နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကာ သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလိုသဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလှူရှင် များ၏ အမည်များကိုကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကဗ္ဗည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်းနှင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times