#Local_News
Published_ 7 April 2023

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာလမ်းမတွင် ဇွန်လ ၇ ရက်နေ့မနက်ပိုင်းက ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လိုက်ပါလာသူများဒဏ်ရာပြင်းထန်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းရွှေလွိင်ကော်(ကယား) ပရဟိတအသင်းထံမှ သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် အသက် ၄၄ နှစ်အရွယ် ဦးရှားရယ်မှာ အတွင်းဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်၅၇ နှစ်အရွယ်ဒေါ်ပလျားမိုး၊ အသက်၄၄ အရွယ်ဒေါ် တော်မြာနှင့်အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့်လည်း မစိုးရိမ်ရကြောင်း သိရသည်။

 

အဆိုပါတိုက်မိသည့် ယာဥ်နှစ်စီးအမျိုးအစားမှာ ၁၂ပေ Canter နှင့် Hi-jet ယာဉ်တို့ဖြစ်ပြီး လိုက်ပါလာသူများ အပြင်းအထန်ဒဏ်ရာရသွားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ကူညီ၍ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းထံမှ သိရသည်။

 

#ymg/ynzw #Local_News #၁၂ပေကားနှင့် ဟိုက်ဂျက်မျက်နှာချင်းဆိုင်တိုက်မိ
#YMG #Yangon_Media_Group