#Local_News
Published-25 May 2023

မုဒုံမြို့ မြို့အဝင်စိုက်ပျိုးရေးခြံရှေ့၌တွင် မေလ၂၅ ရက်(ယနေ့) နေ့လယ်ကကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

မေလ၂၅ရက်နေ့လယ်၁၂ နာရီချိန်ခန့်တွင် ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားမှာ နဖူးကွဲ၊ နှာခေါင်းသွေးထွက်၊ မေးစေးကွဲ၊ ဘယ်ခြေကျိုး၊ ညာ​ခြေအဆစ်လွဲသွားကြောင်း၊ ကားပေါ်တွင်ပါလာသူအသက် ၆၅နှစ်အရွယ် အမျိုးသမီးမှာလည်း မှန်ကွဲစထိမှန်ဒဏ်ရာနှင့် ညာလက်ဖမိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရသည်။

 

"ဆိုင်ကယ်မောင်းသူအမျိုးသားက ဒဏ်ရာပြင်းထန်ပါတယ်။ကားပေါ်မှာပါလာတဲ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်"ဟု အသင်းကသိရသည်။


.
မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ်အကြောင်းကြားသဖြင့် အဖွဲ့မှ ချက်ချင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသားကို ရှေ့ဦးပြုစု၍  အရိုးကျိုးကြပ်စည်းပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကားပေါ်၌ ပါရှိသူ အမျိုးသမီးကို မုဒုံဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#ymg/pl #Local_News ##ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်
#YMG #Yangon-Media-Group