#Local_News
Published_ 23 May 2023

ရန်ကုန်တိုင်းအတွင်း ဈေးနှုန်းမြင့်ကွန်ဒိုများ အရောင်းအဝယ်အေးနေသော်လည်း မီနီကွန်ဒိုများသာအရောင်းအဝယ်ဖြစ်နေကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။

 

ရန်ကုန်တိုင်းအတွင်း သိန်းခြောက်ထောင်နှင့်အထက်ကွန်ဒိုများမှာ အရောင်းအဝယ်အေးနေပြီး ရန်ကင်း၊ တောင်ဥက္ကလာပ အပါအဝင်မြို့နယ်တချို့ရှိ မီနီကွန်ဒိုများမှာ အရောင်းအဝယ်သွက်ကြောင်း အကျိုးဆောင်များက ပြောသည်။

 

“အရင်တုန်းက ဘဏ်တွေက Home Loan တွေ တအားပေးတဲ့ အချိန်မှာအရောင်းအဝယ်ဖြစ်တာပေါ့။ Home Loan တွေက အခုမှပြန်စဖို့ ဘဏ်တွေကပြင်နေတာကြတာလေ။ နည်းနည်းအရှိန်တော့ ပြန်ယူနေပြီ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့ရှိ မီနီကွန်ဒိုဈေးနှုန်းများမှာ တောင်ဥက္ကလာပမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေးရှိပြီး စမ်းချောင်းမြို့နယ်၌ ၂၅ ပေ၊ ၅၀ ပေ တိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေး ရှိကြောင်း၊ မရမ်းကုန်းမြို့နယ်၌ ၂၉ ပေ၊ ၄၀ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း၂၀၀၀ ခန့်ပေါက်ဈေးရှိကြောင်း၊ သင်္ဃန်ကျွန်းမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၈၀၀ ခန့်ပေါက်ဈေးရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

 

#ymg/ppk #Local_News #ဈေးနှုန်းမြင့်ကွန်ဒို #မီနီကွန်ဒို
#အရောင်းအဝယ်ဖြစ် #Yangon-Media-Group