#Local_News
Published_ 10 May 2023

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းရောက်ရှိနေသူများ၊ ဥပဒေပြင်ပရှိ၊ အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆုကြေးထုတ်၍ ဖိတ်ခေါ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဥပဒေဘောင်အတွင်းဝင်ရောက်လာပါက လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်၊ခဲယမ်းပါရှိလာသူများအားဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းဆုငွေများမှာ ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊ ပစ္စတိုအုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၂၀) သိန်း၊ပြောင်းချောသေနတ် (၁) လက်ပါရှိပါက ကျပ် (၃၀) သိန်း၊စိန်ပြောင်း၊ လောင်ချာ၊ အာဝီဂျီကဲ့သို့သော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅)သိန်း၊လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅) သိန်း၊လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ် (၃) သိန်း၊လက်နက်ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ် (၂) သိန်း။ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ် (၅၀) သိန်း ဖြစ်ကြောင်း သိရသည်။

 

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/pl #Local_News #PDF #ဆုကြေးထုတ်၍ဖိတ်ခေါ်
#YMG #Yangon_Media_Group