#Local_News
Published_ 9 May 2023

နေအိမ်ရှိ ရေတွင်းကို တူးဖော်ရာမှာ တွင်းထဲပြုတ်ကျပြီး သားအဖ ၂ဦးသေဆုံးမှု မြစ်ကြီးနားတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကချင်ပြည်နယ်) က သိရသည်။

 

ယနေ့ မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနား နောင်နန်း၊ လမြန်ကျေးရွာတွင် မိမိနေအိမ်မှ ရေတွင်းတူးရင်းပြုတ်ကျသွား၍ အရေးပေါ်ကယ်ဆယ်ပေးရန်မိသားစုဝင်များမှ အသင်းရုံးသို့ အကူအညီတောင်းခံလာကြောင်း သိရသည်။

 

အသင်းရုံးမှ လူနာတင်ယာဉ် အမှတ်(၂)ဖြင့် ကယ်ဆယ်ရေးပစ္စည်း ကိရိယာများနှင့်အတူ ချက်ချင်းထွက်ခွာခဲ့သော်လည်း ကယ်ဆယ်ရေးသမားများရောက်ရှိချိန် ပြုတ်ကျသူနှစ်ဦးမှာ သေဆုံးပြီဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ရုပ်ကလပ်ကို အရပ်သားများနှင့်အတူ ကူညီထုတ်ဖေါ်ပေးခဲ့ရတယ်လို့ အသင်းက ပြောပါသည်။

 

#ymg/ppk #Local_News #မြစ်ကြီးနား #သားအဖ ၂ဦးရေတွင်းထဲပြုတ်ကျပြီးသေဆုံး
#YMG #Yangon-Media-Group