#Local_News
Published-9 May 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၉ ဦးကို မေလ ၉ ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

ယင်းကဲ့သို့ EPSစနစ်ဖြင့်စေလွှတ်ခဲ့သည့် မြန်မာလုပ်သား ၁၄၉ ဦးလုံးမှာ ကုန်ထုတ်လုပ်သားများဖြစ်ကြောင်း သိရသည်။

 

မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၁ ရက်က  EPS စနစ်ဖြင့်  Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦး၊ စုစုပေါင်း (၁၅၀) ဦးကို စေလွှတ်ခဲ့ပြီးနောက် မေလ ၉ ရက်မှ ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

#ymg/pl #Local_News #EPS #ယနေ့ထပ်မံစေလွှတ်
#YMG #Yangon-Media-Group