#Local_News
Published_ 8 May 2023


ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့များအနေဖြင့် မေ (၇) ရက် အထိ ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ်(၂)ခု နှင့် ကြေးတံဆိပ် (၁၈)ခု စုစုပေါင်း ဆုတံဆိပ် (၂၅)ခု ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။

 

ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး Same Stroke Chinlone Event-2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မစုတွယ်တာ၊ မမေဖြိုးစံ၊ မသဲသဲ၊ မတင်နီလာဝင်း၊ မယဉ်မင်းသွယ်၊ အခိုင်သဇင်ဖြိုးနှင့် မခိုင်ခိုင် တို့အတွဲက ရမှတ် (၂၂၁) မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။

 

အမျိုးသား/အမျိုးသမီး Event -2 (Mixed Team) ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့်လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ဝေယံဖြိုး၊ မောင်ခန့် ဝင်းဟိန်း၊ မောင်ဇော်လင်းမောင်၊ မောင်ရဝေအောင်၊ မမှုံနံ့သာ၊ မမေဖူးဟန်၊ မမေဖြိုးစံနှင့် မခိုင်သဇင်ဖြိုးတို့ အတွဲက ရမှတ် (၁၉၈) မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။

 

အမျိုးသား Same Stroke Chinlone Event - 2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မင်း သစ္စာအောင်၊မောင်အောင်မြင့်မြတ်၊မောင်ရဝေအောင်၊ မောင်ဝေယံဖြိုး၊ မောင်သော်ဝေဇင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်ပြည့်ဖြိုးကျော်၊ နှင့် မောင်သူရိန်လင်းတို့ အတွဲက ရမှတ် (၁၇၄) မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု) ရရှိခဲ့ပါတယ်။

 

ဆက်လက်၍ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ် အမျိုးသား (၂)ယောက်တွဲ အပြပြိုင်ပွဲတွင် ( ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ် နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မနားကွီး နှင့် မောင်တင်ထူးဇော်တို့ အတွဲက ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။

 

ဗိုဗီနမ်အားကစားနည်း(အမျိုးသမီး) လက်သိုင်းအပြ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြင့်စန္ဒီကျော်က တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး (၆၀) ကီလို ပြိုင်ပွဲတွင် မနှင်းနန္ဒာဦးက တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသား (၆၀) ကီလို ပြိုင်ပွဲတွင် မောင်အောင်ခန့်ဇော်က တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓါးတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်က တတိယ ( ကြေးတံဆိပ်ဆု)၊ ဓါးအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်း နှင့် မောင်တင်ထူးဇော်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု) အမျိုးသား (၃)ယောက်/ အမျိုးသမီး(၃)ယောက် အသင်းလိုက် အပြပြိုင်ပွဲတွင် မောင်ကျော်သူစိုးအောင်၊ မောင်နေလင်းထက်၊ မောင်ဟိန်းထက်အောင်၊ မခိုင်ဇာထွန်း၊ မဖြိုးအိကျော်နှင့် မသီတာမင်းတို့ အတွဲက တတိယ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး(၄)ယောက်တွဲ ဓါးတစ်လက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်း၊ မစုဝတီဌေး၊ မဖြိုးအိကျော်နှင့် မမြင့်စန္ဒီကျော်တို့အတွဲက တတိယ ( ကြေးတံဆိပ်ဆု) များကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပါတယ်။

 

ထို့နောက် Olympic Petanque Complex ၌ ကျင်းပသည့် ပီတန်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မေ(၆)ရက်နေ့က အပစ် - Women Single Shooting ပြိုင်ပွဲ၌ ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့တဲ့ မြန်မာနိုင်ငံမှ မခင်ချယ်ရီသက်နှင့် ဒုတိယ (ငွေတံဆိပ်ဆု)၊ တတိယ(ကြေးတံဆိပ်ဆု)ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

ဆက်လက်ပြီး OLYMPIC STADIUM, PRINCE STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။

 

မေ (၇)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တင်းနစ်၊ ဘိလိယက်၊ ခွန်ခမာ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘော အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၈)ခု ထပ်မံရရှိခဲ့ကြပါတယ်။

 

မေ (၈) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ခွန်ခမာ၊ ဘော်လီဘောနှင့် လက်ဝှေ့ အားကစား ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

#ygm_mnn #Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစားနည်း #ရွှေတံဆိပ်ဆု (၁) ခု
#YMG #Yangon_Media_Group