#Local_News
Published _7 May 2023

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြို့တော်ဂေါက်ကွင်းနှင့် ဟိုတယ်တွင် EV အားသွင်းရုံများတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

ကနဦးအနေဖြင့် အင်းစိန်မြို့နယ်ရှိစည်ပင်ပိုင် မြို့တော်ဂေါက်ကွင်းနှင့် City Golf Resort Hotel တို့တွင် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

 

မကြာသေးမီကဟိုတယ်လုပ်ငန်းရှင် ၃၀ ဦးနှင့်  Shopping Centre ၁၂ ခုတို့မှ တာဝန်ရှိသူများအား ရန်ကုန်မြို့တော်ဝန်က တွေ့ဆုံ၍ EV Station တည်ဆောက်သည့် ကုမ္ပဏီ ၅ ခု နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

 

ယင်းဆွေးနွေးပွဲတွင် ရန်ကုန်မြို့က ဟိုတယ် (၃၀) ၊ ဈေးဝယ်စင်တာ (၁၂) ခုတို့တွင် လျှပ်စစ်သုံးယာဉ် (EV)အားသွင်းရုံ (Charging Station) များတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်းလည်းသိရသည်။

 

#ymg/pl #Local_News #စည်ပင်ပိုင်မြို့တော်ဂေါက်ကွင်း #EV အားသွင်းရုံ
#Yangon _Media_ Group