#Local_News
Published _7 May 2023

ဧပြီလ၊ မေလနှင့် ဇွန်လအတွင်းတနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းဝေးငါးဖမ်းရေယာဉ်၁၄၀၀ကျော်ကို ငါးဖမ်းခွင့်ပိတ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။

 

ကမ်းဝေးငါးဖမ်းမှုကို ပိတ်ထားစဉ်ကာလအတွင်း ငါးဖမ်းလုပ်သားများ ဘေးအန္တရာယ်လုံခြုံကင်းရှင်းစေရေး အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် တို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတွင် ငါးဖမ်းလုပ်သားများ အသက်ဘေးအန္တရာယ်ဆိုင်ရာကိစ္စနှင့် မီးဘေးဖြစ်ပေါ်ပါကအရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးတို့ကို ဖြေရှင်းနိုင်‌ရေးသင်တန်းများ ပို့ချပေးသည့်လုပ်ငန်းစဉ်လည်းပါဝင်ကြောင်း သိရသည်။

 

ယင်းအပြင်ပင်လယ်ပြင်နှင့် သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုမရှိစေရေး၊ အပင်လယ်ပြင်အတွင်းအမှိုက်များမပစ်ချရေးအတွက်လည်း ပညာပေးလုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်နေကြကြောင်းလည်းသိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းကမ်းဝေးငါးဖမ်းလှေများအပြင် ကမ်းနီးငါးဖမ်းရေယာဉ်ပေါင်း  ၈၀၀၀ရှိ‌ကြောင်း၊ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွင်းရေထွက်ကုန်တင်ပို့မှုမှအမေရိကန်ဒေါ်လာသန်း၂၄၀ရရှိခဲ့ပြီး တန်ချိန်အားဖြင့် ၂၂၀,၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #တနင်္သာရီတိုင်းဒေသကြီး #ကမ်းဝေးငါးဖမ်းလှေများ
#YMG #Yangon _Media_Group