#LocalNews
Published _ 6 May 2023

အမေရိကန်နိုင်ငံတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သော One Championship(MMA) ပြိုင်ပွဲတွင် မြန်မာ့စပါးအုံးအောင်လအန်ဆန် က တရုတ်နိုင်ငံသား ဖန်ရောင်း အား ဒုတိယအချီ၌ပင် အနိုင်ရခဲ့သည်။

ပွဲစဉ်အတွင်း ဒုတိယအချီ ၄၇ စက္ကန့်ခန့်တွင် အောင်လက ဖန်ရောင်းအား
ချုပ်ကွက်ဖြင့်ချုပ်ကိုင်နိုင်ခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် အနိုင်ရရှိခဲ့‌သော
အောင်လ အနေဖြင့် ချန်ပီယံခါးပတ် စိန်ခေါ်ထိုးသတ်ခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ပြုလုပ်နေ‌သောကိုယ်ခံ ပညာသိုင်းပေါင်းစုံအားကစားအဖွဲ့က ကျင်းပပြုလုပ်သော One ChampionShip ၏ One Fight Night 10 ပြိုင်ပွဲ မှာ အောင်လအန်ဆိုင်း နှင့် One Championship တို့အကြား စာချုပ်ပြည့်နောက်ဆုံးပွဲစဉ်လည်းဖြစ်သည်။

ymg/pl
Yangon _Media_Group