#Local_News
Published_ 5 May 2023

ယနေ့နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်ဝန်းထဲက ရေလွှာလျှောစက် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

 

မေလ ၅ ရက်နေ့ နေ့လည် ၁၂နာရီ ၅၀မိနစ်အချိန်က ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ဝန်းအတွင်းက ရေလွှာလျှောစက်အနီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

"ပြည်သူ့ရင်ပြင်ဝန်းထဲက ရေလွှာလျှောစက် မီးလောင်တာပါ၊ အခုတော့ ငြှိမ်းသွားပါပြီ"လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 

ပြည်သူ့ရင်ပြင်ဝန်းအတွင်းရှိ ရေလွှာလျှောစက်မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် စမ်းချောင်း၊ ကျောက်တံတားမြို့နယ်တို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၃မိနစ်အချိန်မှာ မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

 

#ymg/ppk #Local_News #ရန်ကုန်ပြည်သူ့ရင်ပြင် #ရေလွှာလျှောစက်မီးလောင်မှုဖြစ်
#YMG #Yangon-Media-Group