#Local_News
Published_ 5 May 2023

ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားဖြင့်မြန်မာမှငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခုစုစုပေါင်းဆုတံဆိပ်လေးခုစတင်ရရှိခဲ့ကြောင်း အားစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်၊၊

 

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မေလ(၄)ရက်နေ့ ဗိုဗီနမ်(Kun Bokator) အားကစားနည်းပွဲစဉ်များတွင် (အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုစတင်ရရှိခဲ့ပြီး (အမျိုးသား) အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦး၊(အမျိုးသား)လက်သိုင်းအလှပြပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်၊ ဝါးညှပ်အကတွင် မမြတ်နိုးဝေတို့မှ ကြေးတံဆိပ်တစ်ခုစီရရှိခဲ့ပြီး စုစုပေါင်း ငွေတစ်ခု၊ကြေးသုံးခုရရှိခဲ့သည်၊၊

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့သည်၊၊

 

မြန်မာနိုင်ငံအနေဖြင့် စစ်တုရင်အားကစားနှင့် အမျိုးသားဘောလီဘော၊ ဘောလုံးအုပ်စုပွဲစဉ်များလည်း ယှဉ်ပြိုင်ခဲ့ပြီး ဘောလီဘောပြိုင်ပွဲတွင် မလေးရှားကို၃-၁နဲ့ရှုံးနိမ့်ခဲ့သလို ဘောလုံးပြိုင်ပွဲတွင် ၅ ဂိုး ဝဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဖော်ပြချက်အရ သိရသည်၊၊

 

#ymg/tthl #Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစား #ငွေတံဆိပ်တစ်ခု #ကြေးတံဆိပ်သုံးခု #YMG #Yangon_Media_Group