#Local_News
Published_ 4 May 2023

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games) တွင် အမျိုးသားဘော်လီဘောပြိုင်ပွဲ၌ မလေးရှားအသင်းမှ မြန်မာအသင်းအား(၃)ပွဲ(၁)ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်၊၊

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့်( ၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မေလ(၄)ရက် အမျိုးသားဘော်လီဘောအုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းမှ မြန်မာအသင်းကို ရမှတ် (25/22) ၊ (21/25)၊ (14/25)၊ (20/25)ရရှိပြီး (၃)ပွဲ (၁)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်၊၊

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မေလ(၄)ရက်နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်၊၊

 

ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ် စတင်လက်ခံကျင်းပနေပြီဖြစ်သည့် (၃၂)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၏ မေလ ၃ရက်နေ့တွင်ကျင်းပခဲ့သည့် အားကစားနည်းအချို့တွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးဘောလုံးအုပ်စုပွဲစဉ်တွင် မြန်မာနှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၁-၀) ဖြင့် အနိုင်ရရှိခဲ့ကြောင်းလည်းသိရသည်၊၊

 

#ymg/tthl #Local_News #SEA Games #အမျိုးသားဘော်လီဘောပြိုင်ပွဲ #မလေးရှားအသင်း
#YMG #Yangon_Media_Group