#Local_News
Published _3 May 2023

မဲဆောက်တွင် မြန်မာနိုင်ငံသား၂ ဦး ကို သေနတ် ၂ လက်နှင့်အတူ မေလ ၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိ‌ခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်-အုံးဖျန် ကားလမ်းမပေါ် အရှိန်ပြင်းစွာမောင်းနှင်လာသည့်ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က မသင်္ကာ၍ တားဆီးစစ်ဆေးစဉ် ဓါတ်မြေဩဇာအိပ်ဖြင့် ပတ်ထား‌သော AK-47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမျိုးအမည်စိစစ်ဆဲ သေနတ် အရှည် ၁ လက်တို့ကို တွေ့ရှိ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါအဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်မြို့နယ်ရဲစခန်းတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

 

#ymg/pl #Local_News #မဲဆောက် #သေနတ်များဖြင့်
ဖမ်းမိ‌ #YMG #Yangon_Media_Group