#Local_News
Published_ 29 April 2023

ကုမ္ပဏီတစ်ခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး ယနေ့ ဧပြီလ ၂၉ ရက် နံနက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

 

ယင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်ရှိ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်း၏ နေအိမ်မှ SUZUKI SWIFT ကားဖြင့် ထွက်လာစဉ် လူငယ် ၂ ဦးက သေနတ်ဖြင့် လေးချက်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူမှာ စစ်တက္ကသိုလ်အပတ်စဉ် (၃၁) မှ အသက် ၅၅ နှစ်အရွယ် အငြိမ်းစား တပ်မတော်အရာရှိ ဦးရဲမင်းသန်း ဆိုသူ ဖြစ်ကြောင်း၊သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကားရှေ့မှန်တွင် ကျည်ဖောက်ရာ ၂ ချက်၊ ကားဘေးမှန်တွင် ကျည်ဖောက်ရာ ၂ ချက်ကို တွေ့ရပြီး ဦးရဲမင်းသန်း၏လက်ယာဘက်ရင်ဘတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#ymg/pl
#Yangon_Media_Group