#Local_News
Published_ 28 April 2023

တာချီလိတ်မြို့နယ်အတွင်းမှာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံက သိရသည်။

 

ဧပြီလ ၂၈ရက်နေ့ နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်နေ အသက် ၂၇နှစ်အရွယ်ရှိ ကိုထွန်းထွန်းဦးသည် ရုတ်တရက် မူးလဲကာ သတိလစ်သွားခဲ့ကြောင်း သိရသည်။

 

"တစ်ညလုံး ပန်ကာဖွင့်ပြီး အိပ်တာလို့ သိရပါတယ်၊ ပြီးတော့ ရုတ်တရက် မူးလဲပြီး သတိလစ်သွားလို့ အရေးပေါ်ပို့ဆောင်စဉ်မှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ပါတယ်"လို့ အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါအမျိုးသားသည် ရုတ်တရက်မူးလဲကာ သတိလစ်သွားတာကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့စဉ် ဆေးရုံရောက်ရောက်ချင်း ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လူနာမှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။

 

#ymg/ppk #Local_News #တာချီလိတ် #ဦးနှောက်သွေးကြောပျက်
#YMG #Yangon-Media-Group