#Local_News
Published_ 26 April 2023

 

အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားခြင်း ခံထားရသော ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို ပြန်လည်ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။

 

မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် အတွက် ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်းက Black List စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ဖြေလျော့ပေးခဲ့ခြင်းကြောင့် စစ်ဆေးခံခဲ့ရသည့် အေဂျင်စီ ၁၃၃ ခုထဲတွင် အေဂျင်စီ ၁၆ ခု အနေဖြင့် လာမည့် မေလ ၂ ရက်မှ စတင်ကာ နဂိုအတိုင်း အလုပ်ခေါ်စာ အသစ်များလက်ခံ၍ စာချုပ်အသစ်များချုပ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း၊ ကျန်အေဂျင်စီ ၁၁၇ ခု အနေဖြင့် အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုရာ၌ ကန့်သတ်အနေဖြင့် အလုပ်သမား ၁၀၀ ဦးသာချုပ်ဆိုခွင့်ပြုကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ကိုင်နေသူများထံမှ သိရသည်။

 

#ymg/pl #Local_News # အေဂျင်စီ
#YMG #Yangon_Media_Group