#Local_News
Published_ 18 April 2023

အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR)၏ A2A Portalတွင်(၂၀၂၃-၂၀၂၄ခုနှစ်)ပညာ သင်နှစ်အတွက် Scholarshipပညာသင်ဆုလျှောက် လွှာများကို လက်ခံနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။

 

အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် မေလ (၁၅) ရက်နေ့မတိုင်မီhttp://a2ascholarships.iccr.gov.in/ ဝက်ဆိုက်၌ လျှောက်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်၊၊

 

ယင်းပညာသင်ဆုအမျိုးအစားလေးမျိုးပါဝင်ပြီး ဧပြီလ၁၂ရက်မှစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဘွဲ့ကြို၊ဘွဲ့လွန် Coursesများအတွက် အသက်(၁၈)နှစ်မှ(၃၀)အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး Ph.D Programအတွက် အသက်(၄၅)အတွင်းလျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်၊၊

 

အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသား(၁၅၀)ကို Scholarshipပညာသင်ဆုပေးသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အိန္ဒိယနိုင်ငံ #ဘွဲ့ကြို၊ဘွဲ့လွန်၊ပါရဂူဘွဲ့ #Scholarshipပညာသင်ဆု
#YMG #Yangon_Media_Group