#Local_News
Published_ 18 April 2023

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်အတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့တွင် မိုးရွားသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာ ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #မြန်မာနိုင်ငံ #တိုင်းနှင့်ပြည်နယ် #အချိန်အခါမဟုတ်မိုးရွာ
#YMG #Yangon_Media_Group