#Local_News
Published_ 15 April 2023

မြန်မာ့ရိုးရာလှူဒါန်းမှုပုံစံဖြစ်သော စတုဒီသာ အလှူကို အများအားဖြင့် အခါကြီးရက်ကြီးများတွင် ပြုလုပ်လေ့ ရှိကြရာ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့လယ်၌ ရေကစားလာရောက်သူများအား ဒန်ပေါက်ထမင်း လှူပေးနေသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။

 

စတုဒီသာဆိုသည်မှာ ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး စတုဆိုသည်မှာ "လေးဂဏန်း" ၊ "ဒီသာ"ဆိုသည်မှာ ရှေ့၊နောက်၊တောင်၊မြောက် အရပ်မျက်နှာများဟု အဓိပ္ပာယ်ရသည့်အတွက် အရပ်မျက်နှာလေးမျက်နှာမှ လာရောက်သည့် မည်သူမဆို အား လှူဒါန်းသည့် အလှူပေးနည်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် စတုဒီသာ အလှူကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိရာ စားပွဲခံများချ၍ ဝိုင်းဖွဲ့ထမင်းကျွေးခြင်း၊တန်းစီ၍ ပေးလှူခြင်း စသည့်ပုံစံမျိုး ဖြင့်လည်းကောင်း၊စတုဒီသာအလှူကို တစ်ဦးတည်းဖြစ်စေ၊စုပေါင်း၍ဖြစ်စေ အကုန်အကျခံ၍လည်း ပြုလုပ်ကြသည်ကိုတွေ့ရသည်။

ymg/mt
#Local_News #သင်္ကြန်အကြတ်နေ့ #ရန်ကုန်မြို့လယ်စတုဒီသာအလှူများ
#YMG #Yangon_Media_Group