#Local_News
Published-1 April 2023

ဂျပန်ကုမ္ပဏီ (၂၈၀)ကျော်​က မြန်မာအလုပ်သမားဦး​ရေ (၈၀၀)​ကျော်​ ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်​နိုင်​ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက မတ်​လ ၃၁ ရက်​​တွင်​ ထုတ်ပြန်​လိုက်​သည်​။

 

အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်​။

 

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ​မတ်​လ (၁၆) ရက်​နေ့မှ ​မတ်​လ (၃၁) ရက်​​နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၄) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်​ဟု ပါရှိပြီး
အဆိုပါထုတ်​ပြန်​ချက်​အရ ဂျပန်ကုမ္ပဏီ (၂၈၄)ခုက မြန်မာအလုပ်သမား အမျိုးသား (၃၀၀)​​ကျော်​၊ အမျိုးသမီး(၄၀၀)​ကျော်​၊ စုစု​ပေါင်း ဦး​ရေ(၈၀၀)​ကျော်​ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

မတ်​လ (၁) ရက်​မှ ​မတ်​လ (၁၅) ရက်​​နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့​သော အလုပ်ကမ်းလှမ်းစာ (၂၀၆) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦး​ရေ (၈၀၀)​​ကျော်​ ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်​။

#ymg/mt
#ဂျပန်ကုမ္ပဏီ(၂၈၀)​ကျော်​ #မြန်မာအလုပ်သမား(၈၀၀)​ကျော်​
#YMG #Yangon_Media_Group