#Local_News
Published_ 25 March 2023
ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့အနီးတွင် မတ်လ(၂၅)ရက်နေ့လည်ပိုင်းက အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊

ထုတ်ပြန်ချက်တွင် မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၁)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကြံခင်းမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းဖော်ပြထားသည်၊၊

အခုလပိုင်းအတွင်းစစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့တွင်မြေငလျင်ငယ်များ၊မြေငလျင်လတ်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌တစ်ကျော့ပြန်ငလျင်ကြီးများလည်းလှုပ် ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊တာဝန်ရှိသူများထံမှသိရသည်၊၊
ymg/tthl
Yangon_Media_Group