#LocalNews
Published_ 24 March 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ရွာ အရှေ့ဘက်ရှိ ဆောက်လုပ်ရေးရုံးခွဲ ယနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက်၊ ယနေ့ ညနေ ၃ နာရီခန့်တွင် ပုလဲမြို့နယ်၊ နှောကန်ရွာအရှေ့ဘက်ပုလဲ၊ ဂန့်ဂေါ်လမ်းဘေးရှိ ဆောက်လုပ်ရေးရုံးခွဲ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တောမီးရှို့ထားရာကနေ ရုံးအဆောက်အဦပါ မီးလောင်သွားခြင်းဖြစ်ပြီးမီးငြိမ်းသက်ဖို့ ကြိုးစားရာတွင်ရာသီဥတုပူပြင်းခြင်းနှင့် ရေအလွယ်တကူမရတာကြောင့်ဟု ဒေသတွင်းကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေဆဲဖြစ်ပြီထိခိုက်ဒါဏ်ရာရရှိသူမရှိကြောင်းသိရသည်။

ymg/ppk
#Yangon-Media-Group