#LocalNews
Published_ 23 March 2023

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (ဒုတိယအဆင့်) အုပ်စုမဲခွဲရာ မြန်မာလက်ရွေးစင်အမျိုးသမီး ယူ-၂၀ အသင်းအုပ်စု (ခ)တွင် ကျရောက်ခဲ့သည်။

ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားကြသည့် တရုတ်၊ ဩစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ တရုတ် (တိုင်ပေ)၊ လက်ဘနွန် အမျိုးသမီး ယူ-၂၀ အသင်းများကို ယနေ့ မတ်လ ၂၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အုပ်စုမဲခွဲပွဲခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ကျရောက်‌ခြင်းဖြစ်သည်။

အုပ်စု (က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်တို့ ကျရောက်နေပြီး ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group