#LocalNews
Published-22 March 2023

ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်လာသည့် ကလေးငယ်တစ်ဦး ၊ အမျိုးသမီး ၇ ဦး ၊အမျိုးသား ၄ ဦး ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်အပါ ၁၂ ဦး မှာ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်၊ဝမ်ဖာရဖီမြို့အနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မြန်မာ ၁၂ ဦးကို ပစ်ကပ်ကားတစ်စီးဖြင့်တင်ဆောင်ကာ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်က မောင်းပြေးခဲ့စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊စစ်ဆေးချက်များအရ ပို့ဆောင်သူက ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ ထိရရှိပြီး ယခင်ကလည်း ၄ ကြိမ်ခန့် ပို့ဆောင်ဖူးသည့်အတွေ့အကြုံရှိကြောင်း ယာဉ်မောင်းက ပြောဆိုထားသည်။

လက်ရှိတွင်ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ ကန်ကျနဘူရီ ရဲစခန်း က ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group