#Local_News
Published_ 17 March 2023

 

မတ် ၁၆ ရက်ည၁၀နာရီဝန်းကျင်လောက်ကရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်းအမျိုးသားတစ်ဦး ခြေနှစ်ချောင်းထောင်၍သေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

 

အဆိုပါ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာယခင်က ဆိုက်ကားနင်းသူတစ်ဦဖြစ်ပြီး သေဆုံးစဉ်ပြင်ပဒဏ်ရာမတွေ့ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

 

သေဆုံးသူ၏ ရုပ်အလောင်းအားမင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။

 

#ymg/ynzw #Local_News #မင်္ဂလာတောင်ညွှန့် #ရေမြောင်းထဲကျ
#YMG #Yangon_Media_Group