#Local_News
Published_ 16 March 2023

 

ဧရာဝတီတံတား(မကွေး)ရေလမ်း ပြောင်းလဲမည်ဖြစ်ပြီး ရေယာဉ်များအတွက်အစုန်သွားရမည့်ရေလမ်းကြောင်းနှင့် အဆန်သွားရမည့်ရေလမ်းကြောင်းများသီးခြားစီဖြစ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

ဧရာဝတီတံတား(မကွေး)ရေလမ်းတွင်ဖြတ်သန်းသွားလာကြသည့် ရေယာဉ်များအနေဖြင့် မူလက ရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၆) မှ(၁၇)ကြားတွင် အစုန်ရောအဆန်ပါ ဖြတ်သန်းသွားလာကြရခြင်းဖြစ်သည်၊၊

 

မတ်လ(၁၈)ရက်မှစ၍ ရေလမ်းကြောင်းပြောင်းလဲမှုအဖြစ် ရေလယ်တိုင်အမှတ်(၁၆) မှ(၁၇)ကြားတွင် အဆန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ပြီးရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇) မှ(၁၈) ကြားတွင်အစုန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်းရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊

 

ပြောင်းလဲမည့်ရေလမ်းကြောင်း၏ကင်းလွတ်အကျယ်မှာ (၁၁၀)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်၁၇မီတာရှိသည်ဟုဆိုသည်၊၊

 

ရေယာဉ်များဖြတ်သန်းရမည့်ဝင်ပေါက်ကို နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား၊ညဘက်တွင် မီးစိမ်းပြထားမည်ဖြစ်ပြီး မဖြတ်သန်းရမယ့်နေရာကို အနီရောင် အမှတ်အသား၊ မီးနီပြထားမည်ဖြစ်သည်၊၊

 

ရေလယ်တိုင် တစ်ဖက်တစ်ချက်မှာ (၁၅)ပေခန့်ထိုးထွက်မှုရှိသည့်အတွက် ရေလယ်တိုင်နှစ်ခုကြားကို ယှဉ်တွဲခုတ်မောင်းခြင်းမပြုရန်၊တွန်းတွဲရေယာဉ်များတစ်တွဲချင်းချိတ်ဆွဲမောင်းနှင်ရန်နှင့် အစုန်ဦးစားပေးပြီး လုံလောက်တဲ့အကွာအဝေးက ချဉ်းကပ်လမ်း ကြောင်းမှန်ဖြင့် မောင်းနှင်ရန်လိုကြောင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတိပေးသည်၊၊

 

#ymg/tthl #Local_News #ဧရာဝတီတံတား(မကွေး) # အစုန်နှင့်အဆန် #YMG #Yangon_Media_Group