#Local_News
Published_ 24 February 2023

 

CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ထုတ်ယူပြီး ပြန်အလာတွင် လုယက်သွားမှုတစ်ခု ရန်ကုန်မြို့တွင်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည်။

 

ငွေလွှဲလုပ်ငန်းတစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ယာဉ်မောင်းတို့က ဆာကူရာတာဝါ ရှိ CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ကို ထုတ်ယူပြီး ဆာလာအိတ်နှစ်အိတ်ဖြင့် ထည့်၍ ကားဖြင့် သယ်လာစဉ် အထက်ပါအတိုင်း လုယူခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

အဆိုပါ ကားမှာ ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းအတွင်းသို့ ကွေ့ဝင် မောင်းနှင်ခဲ့ကာ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် အရောက်တွင် လူငါးဦးက ဓားမြှောင်များကိုင်၍ ယာဉ်ပေါ်သို့တက်ကာ မဟာဗန္ဓုလလမ်းအတိုင်း ဆိပ်ကမ်းသာလမ်းထိပ်သို့ မောင်းခိုင်းပြီး အသင့်စောင့်နေသော ကားပေါ်သို့ အဆိုပါ ငွေအိတ် နှစ်အိတ်ကို ရွှေ့ပြောင်း၍ လုယက်ထွက်ပြေးသွာခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/mt #Local_News #CB bank #YMG #လုယက်သွားမှု
#Yangon_Media_Group