#Local_News
Published_ 24 February 2023

 

နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဦးသန်းဆွေက အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိကဇုန်တို့ရှိ မြန်မာသံရုံးများနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ အကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများကို ဖေဖော်ဝါရီ (၂၃) ရက်တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးက နိုင်ငံ့အကျိုး အများပြည်သူအကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်ကြ စေလိုကြောင်း၊ မှန်ကန်တဲ့ သတင်းအချက်အလက်များကို သက်ဆိုင်ရာများထံသို့ ရောက်အောင် ဆောင်ရွက်သွားရမှာဖြစ်တယ် လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သိရှိခြင်းမရှိဘဲ၊ မဟုတ်မမှန် ဝါဒဖြန့်နေသော မီဒီယာများ၏ သတင်းများသာ လွှမ်းမိုးနေသည်ကို သံရုံးအကြီးအကဲများ သဘောပေါက် နားလည်ရန်လိုအပ်တယ်လို့ ပြောပါတယ်။

 

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့်မပတ်သက်ကြရန် ဥပဒေက သတ်မှတ်ထားကြောင်း၊ အချို့သော နိုင်ငံများဆိုပါက နိုင်ငံ့ဝန်ထမ်းများသာမက ၎င်းတို၏ မိသားစုဝင်များကိုပါ နိုင်ငံရေးပါတီများနှင့် မပတ်သက်ရန် တားမြစ်ချက်များ ရှိပါကြောင်း၊ တာဝန်အရ ပေးအပ်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခြင်း၊ တာဝန်ပျက်ကွက်ခြင်းများ မဖြစ်ပေါ်ဖို့ မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn #Local_News #ကာကွယ်စောင့်ရှောက် #သံရုံး/အဖွဲ့ရုံး
#YMG #Yangon_Media_Group