Published - 15 Oct 2021

 

အောက်တိုဘာလ၁၅ ရက်နေ့၊ယနေ့ နံနက် ၉နာရီ ၂၈ မိနစ် အချိန်ခန့်၊ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ မေယုလမ်းထိပ်၊ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်တွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုဖြစ်ပွားကြောင်းသတင်းအရဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှEmergencyMedicalServiceသူနာတင်ယာဉ်(၂)စီး၊ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Lifting Vehicle Rescue Truck ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့သိရပါတယ်။ နံနက် ၉နာရီ ၄၅ မိနစ် အချိန်တွက် ကျား(၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

Source :မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#Yangon_Media_Group