#Local_News
Published_ 22 February 2023

 

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဘန်လင်းမြို့နယ်ရှိ တူးမြောင်းတစ်ခုအတွင်း၌ မြန်မာနိုင်ငံသားတစ်ဦး မှောက်လျက်‌အနေ အထားဖြင့် သေဆုံးနေသည်ကို ဖေဖော်ဝါရီလ ၂၁ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

ယင်းသေဆုံးနေသူမှာ အသက် ၃၉ နှစ်အရွယ် ကိုသန်းရွှေဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံသူတစ်ဦးက အလောင်းကို တွေ့ရှိခဲ့သဖြင့် ဘန်လင်မြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ဖြင်းဖြစ်ကြောင်း သိရသည်။

 

ဘန်လင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များကသေဆုံးနေသူကို သွားရောက်စစ်ဆေးရာ မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရပြီးနောက် ၎င်း၏အိတ်အတွင်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်နှင့် ထိုင်းဘာသာဖြင့်ရေးထားသည့် စာတစ်‌စောင်၊ ဆေးရွက်ကြီးအချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထိုင်းဘာသာဖြင့် ရေးထားသည်မှာ "ကျွန်တော်မြန်မာပါခင်ဗျ၊ နေစရာနေရာလည်းမရှိ၊ စားစရာလည်။ မရှိလို ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျွန်တော် ထိုင်းစကားမပြောတတ်ပါ၊ သနားသောအားဖြင့် ထမင်းနဲ့ရေ လေးပေးကျွေးကြပါဗျ "ဟု ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားကြသည်။

 

အဆိုပါ ဖြစ်စဉ်တွင် ကိုသန်းရွှေသေဆုံးရခြင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားသော်လည်း တိကျသောအကြောင်းရင်းကို သိရှိနိုင်ရန် နခွန်ပထုံခရိုင်ရှိ ဆရာဝန်ကြီးများက ရုပ်အလောင်းတွေ့ရှိသည့်နေရာ၌ စစ်ဆေးမှုများပြုလုပ်ကာ ရင်ခွဲစစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်ရန် နခွန်ပထုံဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင် ထားကြကြောင်း သိရသည်။

 

#ymg/mt #Crime_News #နခွန်ပထုံ
#YMG #Yangon_Media_Group