#Local_News
Publushed-22 February 2023

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အထည်ဂိုဒေါင်၌ ဖေဖော်ဝါရီလ ၂၁ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

အဆိုပါ အထည်ဂိုဒေါင်မှာ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်၊ ရွှေကျင်ကွက်သစ်မြောက်ဘက်တွင် တည်ရှိပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထွက်ခွာ၍ Level 1 အဆင့်ဖြင့် စတင် ငြှိမ်းငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှု များလာသောကြောင့် Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။

 

ယင်းမီးငြိမ်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူ အချို့အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။

 

#ymg/mt

#Myanmar_Fire

#ပုသိမ်ကြီး

#Yangon_Media _Group

#YMG