#Local_News
Published_ 21 February 2023

 

ဒုဌဝတီမြစ် အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရသည်။

 

ပုလိပ်မြို့ အနီး၊ဒုဌဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ကြောင်း သိရသည့်အတွက် ရေငုပ်ရှာဖွေပေးပါရန် အကူအညီတောင်းခံလာသောကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ကသွားရောက် ဆယ်ယူပေးနိုင်ခဲ့ကြရာ ရေအောက်မှ အလောင်းကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"အဲဒီကောင်လေးက ပုလိပ်မြို့က မိုတယ်တစ်ခုရဲ့ ဝန်ထမ်းပါ၊ရေဆင်းကစားရင်းနဲ့ ရေနစ်တာပါ၊အလောင်းကိုတော့ ပုလိပ်တိုက်နယ် ဆေးရုံကို ပို့လိုက်တယ်"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ တာဝန်ရှိသူက ပြောသည်။

 

#ymg/mt

#Crime

#Mandalay

#YMG

#Yangon_Media_Group